Tuesday, March 3, 2015

အရွယ်အိုသော်လည်း ဦးနှောက် နုပျိုနေစေဖို့

    သင်သည် အကြိုဇရာရောဂါ (Alzheimer's Disease) ကို ကြိုတင်ကာကွယ်ရန်အတွက်အသက်

ငယ်လွန်းသေးသည်ဟု မယူဆသင့်ပါ။ ယူနိုက်တက်ကင်းဒမ်း အကြိုဇရာ ရောဂါအသင်းမှ ဆူဆန်နီ

ဆိုရင်ဆင် (Susanne Sorensen) က ထိုရောဂါကို ကြိုတင်ကာကွယ်ရာတွင် ကျန်းမာသော ဘဝ

လူနေမှုပုံစံက အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ပြောလိုက်သည်။ အမေရိကန်နိုင်ငံတွင်

မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသန ပြုလုပ်ချက်များက သင့်ဦးနှောက် ကျန်းမာနေစေရေးအတွက်

လိုက်နာသင့်သော အချက်များကို အကြံပြုထားလေသည်။


   
သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို များများစားပါ

    အသက်အရွယ် ကြီးရင့်သူ လူပေါင်း ၁၈၃၆ ဦးကို သုတေသန ပြုလုပ်ခဲ့ရာ သစ်သီး သို့မဟုတ်

ဟင်းသီးဟင်းရွက်ဖျော်ရည် တစ်မျိုးမျိုးအား ရက်သတ္တတစ်ပတ်လျှင် သုံးကြိမ်ထက်မနည်း သောက်သုံးသော

အဘိုးအို၊ အဘွားအိုများသည်တစ်ပတ်လျှင် တစ်ခွက်ထက် လျော့နည်း၍ သောက်သုံးသူများထက်

ဇရာအကြိုရောဂါ ဖြစ်ပေါ်လာမည့် အန္တရာယ်မှ ၇၅ ရာခိုင်နှုန်း ပို၍လျော့နည်းကြောင်း တွေ့ရှိရသည်။

အခြား သုတေသန ပြုချက်တစ်ခုတွင် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို များများစားစား

စားသုံးမှုသည် မှတ်ဥာဏ်လျော့နည်းသွားမှုမှ ကာကွယ်နိုင်လိမ့်မည် ဖြစ်ကြောင်း တွေ့ရှိရသည်။
   
မိတ်ဆွေ သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် နီးနီးစပ်စပ် နေထိုင်ပါ။

    အသက်အရွယ် ကြီးရင့်လာသောအခါတွင် မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များနှင့်

ဆက်ဆံမှုနည်းပါးသော မျိုးသား ၂၅၁၃ ယောက်တို့ကို လေ့လာခဲ့ရာ ၎င်းတို့သည် လူမှုရေး

လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများထက် စိတ်ဖေါက်ပြန်မှု ဖြစ်ပွားလာနိုင်ရန် သုံးဆနီးပါး ပို၍

အလားအလာရှိကြောင်း တွေ့ရှိရသည်။ သူငယ်ချင်း အပေါင်းအသင်းများနှင့်အဆက်အသွယ်

 ပြတ်တောက်သွားမှုက ပို၍ပင် အန္တရာယ် ကြီးမားလေသေးသည်။

လှုပ်လှုပ်ရှားရှားနေပေးပါ။ တစ်ခါတစ်ရံတွင် တစ်ခွက်တစ်ဖလား သောက်ပါ။

    အကြိုဇရာ ရောဂါရှင်များ၏ အရွယ်ရောက်ပြီးဖြစ်သော သားသမီး ၄၇၁ ယောက်တို့အား

သုတေသနပြုလုပ်ခဲ့ရာအရက်ကို ချင့်ချိန်၍ သောက်သုံးသူများနှင့် လေ့ကျင့်ခန်း မှန်မှန်လုပ်သူများသည်

မှတ်ဥာဏ်နှင့် ပတ်သက်၍သော်လည်းကောင်းပြဿနာများကို ဖြေရှင်းရာ၌သော်လည်းကောင်း၊ အခြား

ဦးနှောက်နှင့်ဆိုင်သည့် လုပ်ငန်းများတွင်သော်လည်းကောင်း အရက်မသောက်သူ၊ လေ့ကျင့်ခန်း

မလုပ်သူများထက် ပို၍ သာလွန်ကြောင်း တွေ့ရှိရလေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...